دَلَائِلُ الْخَيْرَاتِ
ကောင်းမှုမင်္ဂလာများ၏ လမ်းညွှန်များ
My

اَلنِّيَّةُ | Intentions

اَللَّهُمَّ إِنِّي نَوَيْتُ بِالصَّلَوٰةِ عَلَى النَّبِيِّ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ امْتِثَالاً لِّأَمْرِكَ وَتَصْدِيقًا لِنَبِيِّكَ مُحَمَّدٍ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ وَمَحَبَّةً فِيهِ وَشَوْقًا إِلَيْهِ وَتَعْظِيمًا لِّقَدْرِهِ وَلِكَوْنِهِ أَهْلاً لِّذَلِكَ
အို-အလ္လာဟ်အရှင်မြတ်၊ အရှင့်အမိန့်တော်ကို နာခံရန်၊ တမန်တော်မြတ် (ဆွ) အား အတည်ပြုရန်၊ ချစ်မြတ်နိုးရန်၊ တောင့်တရန်နှင့် ဂုဏ်ဒြပ်တော်ကို ချီးမြှောက်ရန်အတွက်လည်းကောင်း၊ တမန်တော်မြတ်သည် ထိုသို့သော ဆွလာဝသ်နှင့် ထိုက်တန်တော်မူသောကြောင့်လည်းကောင်း ကျွန်တော်မျိုး ဆွလာဝသ်တော်ပို့သရန် ရည်စူးပါသည်
فَتَقَبَّلْهَا مِنِّي بِفَضْلِكَ وَإِحْسَانِكَ وَأَزِلْ حِجَابَ الْغَفْلَةِ عَنْ قَلْبِي وَاجْعَلْنِي مِنْ عِبَادِكَ الصَّالِحِينَ.
ထို့ကြောင့် ကျွန်တော်မျိုး၏ ဆွလာဝသ်ကို အရှင့်ကျေးဇူးတော်နှင့် စေတနာတော်ဖြင့် လက်ခံတော်မူပါ၊ ကျွန်တော်မျိုး၏ နှလုံးသားမှ မေ့လျော့ခြင်းကုလားကာကို ဖယ်ရှားပေး၍ ကျွန်တော်မျိုးအား အရှင့်၏ သူတော်စင်ကျွန်များထဲတွင် ပါဝင်စေတော်မူပါ
اَللَّهُمَّ زِدْهُ شَرَفًا عَلَىٰ شَرَفِهِ الَّذِيٓ أَوْلَيْتَهُ. وَعِزًّا عَلَىٰ عِزِّهِ الَّذِيٓ أَعْطَيْتَهُ.
အို-အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ် အပ်နှင်းထားသော ဂုဏ်သိက္ခာထက် သာလွန်သော ဂုဏ်သိက္ခာကိုလည်းကောင်း၊ အရှင်မြတ် ပေးသနားထားသော ဘုန်းတန်ခိုးထက် သာလွန်သော ဘုန်းတန်ခိုးကိုလည်းကောင်း တမန်တော်မြတ်အား တိုးပွားစေတော်မူပါ
وَنُورًا عَلَىٰ نُورِهِ الَّذِي مِنْهُ خَلَقْتَهُ وَأَعْلِ مَقَامَهُ فِي مَقَامَاتِ الْمُرْسَلِينَ. وَدَرَجَتَهُ فِي دَرَجَاتِ النَّبِيئِينَ.
တမန်တော်မြတ်အား ဖန်ဆင်းတော်မူခဲ့သော ထိုအလင်းတော်အပေါ် အလင်းတော်ကို ထပ်လောင်းပေးသနားတော်မူပါ၊ စေလွှတ်အပ်သော တမန်တော်များနှင့် နဗီတမန်တော်များ၏ အဆင့်အတန်းများတွင် တမန်တော်မြတ်၏ အဆင့်ကို မြှင့်တင်ပေးတော်မူပါ
وَأَسْئَلُكَ رِضَاكَ وَرِضَاهُ يَا رَبَّ الْعَالَمِينَ. مَعَ الْعَافِيَةِ الدَّآئِمَةِ وَالْمَوْتِ عَلَى الْكِتَابِ وَالسُّنَّةِ وَالْجَمَاعَةِ وَكَلِمَتَيِ الشَّهَادَةِ عَلَىٰ تَحْقِيقِهَا مِنْ غَيْرِ تَبْدِيلٍ وَّلَا تَغْيِيرٍ.
အို-ကမ္ဘာခပ်သိမ်း၏အရှင်၊ အရှင့်နှစ်သက်မှုနှင့် တမန်တော်မြတ်၏နှစ်သက်မှုကို အစဉ်ထာဝရ ကျန်းမာခြင်းနှင့်အတူ ကျွန်တော်မျိုး တောင်းခံပါသည်၊ ကုရ်အာန်၊ စွန္နသ်၊ ဂျမာအသ်နှင့် ရှဟာဒသ်ကလီမာတော်အပေါ် ပြောင်းလဲမှုမရှိဘဲ မှန်ကန်စွာ သေဆုံးရခြင်းကိုလည်း ပေးသနားတော်မူပါ
وَاغْفِرْ لِي مَا ارْتَكَبْتُهُ بِفَضْلِكَ وَجُودِكَ وَكَرَمِكَ يَآ أَكْرَمَ الْأَكْرَمِينَ.
အို-ရက်ရောသူတို့တွင် အရှိဆုံးဖြစ်တော်မူသောအရှင်၊ ကျွန်တော်မျိုး ကျူးလွန်ခဲ့သမျှသော အပြစ်အပေါင်းကို အရှင့်၏ ကျေးဇူးတော်၊ ရက်ရောမှုတော်နှင့် ကရုဏာတော်တို့ဖြင့် ခွင့်လွှတ်တော်မူပါ
وَصَلَّى اللَّهُ عَلَىٰ سَيِّدِنَا مُحَمَّدٍ خَاتَمِ النَّبِيِّينَ وَإِمَامِ الْمُرْسَلِينَ. وَعَلَىٰٓ ءَالِهِ وَصَحْبِهِ أَجْمَعِينَ. وَسَلَامٌ عَلَى الْمُرْسَلِينَ. وَالْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ.
အရှင်သခင် မုဟမ္မဒ် (ဆွ)၊ မိသားစုဝင်များနှင့် သာဝကအပေါင်းတို့အပေါ် အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော် သက်ရောက်ပါစေ၊ တမန်တော်အပေါင်းတို့အပေါ် ငြိမ်းချမ်းမှုရှိပါစေ၊ ချီးမွမ်းခြင်းအပေါင်းသည် ကမ္ဘာခပ်သိမ်း၏အရှင် အလ္လာဟ်အရှင်မြတ်အတွက်သာ ဖြစ်ပါသည်