عَلَى الْعَقِيقِ اجْتَمَعْنَا
အကီးက်ဝယ် ကျွန်ုပ်တို့ ဆုံစည်းခဲ့ကြသည်
My
عَلَى الْعَقِيقِ اجْتَمَعْنَا
نَحْنُ وَسُودُ الْعُيُونِ
အလ်-အကီးက် ချိုင့်ဝှမ်း၌ ကျွန်ုပ်တို့ ဆုံတွေ့ခဲ့ကြသည်
ကျွန်ုပ်တို့နှင့် မျက်ဝန်းနက်မလေးများ ဆုံစည်းခဲ့ကြသည်
مَا ظَنِّ مَجْنُونَ لَيْلَى
قَدْ جُنَّ بَعْضَ الْجُنُونِ
လိုင်လာ၏ အရူးကို အသင် အဘယ်သို့ ထင်သနည်း
သူ၏ ရူးသွပ်မှုမှာ ဤရူးသွပ်မှု၏ အစိတ်အပိုင်းမျှသာ ဖြစ်သည်
فَيَا عُيُوني عَيَوْنِي
وَيَا جُفُونِي جَفَوْنِي
အို... ကျွန်ုပ်၏ မျက်ဝန်းတို့၊ သူတို့သည် ကျွန်ုပ်ကို မောပန်းစေခဲ့ပြီ
အို... ကျွန်ုပ်၏ မျက်ခွံတို့၊ သူတို့သည် ကျွန်ုပ်ကို စွန့်ခွာခဲ့ကြလေပြီ
وَيَا قُلَيْبِي تَصَبَّرْ
عَلَى الَّذِي فَارَقُونِي
အို... ကျွန်ုပ်၏ နှလုံးသားငယ်လေး၊ သည်းခံလိုက်ပါဦး
ကျွန်ုပ်ကို ထားရစ်ခဲ့သူတို့အတွက် စိတ်ရှည်လိုက်ပါ
فَارَقْتُهُمْ يَوْمَ الاِثْنَيْنِ
صُبْحَ الثَّلَاثَا وَاحِشُونِي
တနင်္လာနေ့တွင် သူတို့နှင့် ကျွန်ုပ် ဝေးကွာခဲ့သည်
အင်္ဂါနေ့ နံနက်ရောက်သော် သူတို့မရှိဘဲ ကျွန်ုပ် အထီးကျန်ခဲ့ရသည်
هُمْ سَادَةٌ خَلَّفُونِي
أَبْكِي دَماً مِنْ عُيُونِي
သူတို့သည် ကျွန်ုပ်အား ထားရစ်ခဲ့သော အရှင်သခင်များ ဖြစ်ကြသည်
ကျွန်ုပ်၏ မျက်ဝန်းမှ သွေးမျက်ရည်များ ကျဆင်းသည်အထိ ငိုကြွေးနေမိသည်
بَكَيْتُ حَتَّى رَثَانِي
الْطَّيْرُ فَوْقَ الْغُصُونِ
ကျွန်ုပ် ငိုကြွေးခဲ့သည်မှာ သစ်ကိုင်းထက်မှ ငှက်ကလေးများပင်
ကျွန်ုပ်ကို သနားကရုဏာ သက်မိသည်အထိပင် ဖြစ်သည်
بِاللهِ إِنْ مُتُّ شَوْقاً
بِأَدْمُعِي غَسِّلُونِي
အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပါ၏၊ ကျွန်ုပ်သည် လွမ်းစိတ်ဖြင့် သေဆုံးခဲ့လျှင်
ကျွန်ုပ်၏ မျက်ရည်များဖြင့်သာ ကျွန်ုပ်ကို ရေစင်တော်တိုက်ပေးကြပါ
نُوحُوا عَلَيَّ وَقُولُوا
هَذَا قَتِيلُ العُيُونِ
ကျွန်ုပ်အတွက် ငိုကြွေးမြည်တမ်းရင်း ဤသို့ ပြောလိုက်ကြပါ
"ဤသူကား ထိုမျက်ဝန်းတို့၏ အသတ်ခံလိုက်ရသူဖြစ်သည်" ဟု
مَا زِلْتُ حَوْلَ الْمَطَايَا
أَقُولُ بِاللهِ احْمِلُونِي
လား၊ ကုလားအုတ်တို့၏ အနီးတွင် ကျွန်ုပ် ရှိနေဆဲဖြစ်သည်
"အလ္လာဟ်ကို တိုင်တည်ပါ၏၊ ကျွန်ုပ်ကို တင်ဆောင်သွားကြပါ" ဟု တောင်းပန်နေမိသည်
إِلَى مَنَازِلِ قَوْمِي
سَارُوا وَمَا وَدَّعُونِي
ကျွန်ုပ်၏ လူမျိုးစုတို့ရှိရာ နေအိမ်များဆီသို့
သူတို့သည် ကျွန်ုပ်ကို နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့ကြသည်
رُوحْ يَا رَسُولِي إِلَيْهِمْ
سِرْعاً وَقَبِّلْ يَدَيْهِمْ
အို... ကျွန်ုပ်၏ စေတမန်၊ သူတို့ဆီသို့ သွားပါလေ
အမြန်သွား၍ သူတို့၏ လက်အစုံကို နမ်းရှုပ်လိုက်ပါ
وَاقْرَأْ سَلَامِي عَلَيْهِمْ
لَعَلَّهُمْ يَقْبَلُونِي
သူတို့ထံ ကျွန်ုပ်၏ နှုတ်ခွန်းဆက်သမှုကို ပြောကြားပေးပါ
သူတို့ ကျွန်ုပ်ကို ပြန်လည်လက်ခံကောင်း လက်ခံပါလိမ့်မည်
جَانِي الْرَّسُول وَهُوَ يَضْحَكْ
وَقَالَ أَبْشِرْ بِصُلْحِكْ
စေတမန်သည် ပြုံးရွှင်လျက် ကျွန်ုပ်ထံသို့ ပြန်လာခဲ့သည်
"ဝမ်းမြောက်ပါလေ၊ အသင့်အတွက် ပြန်လည်သင့်မြတ်ခြင်း ရှိပြီ" ဟု ဆိုသည်
وَحَيَاةِ عَيْشِكَ وَمِلْحِكْ
هُمْ بِالوِصَالِ وَاعَدُونِي
အသင်တို့ အတူစားသောက်ခဲ့သော ကတိသစ္စာကို တိုင်တည်၍
သူတို့သည် ပြန်လည်ဆုံစည်းကြရန် ကျွန်ုပ်ကို ကတိပေးခဲ့ကြသည်