Ba`Alawi
مَا مَعِي وَجَهْ قَابِل بِهْ سِوَى حُسُنْ ظَنِّي
အရှင်နှင့် ရင်ဆိုင်ရန် ကျွန်ုပ်၌ အရှင်အပေါ်ထားရှိသော ကောင်းမြတ်သော ယုံကြည်မျှော်လင့်ချက်မှတစ်ပါး အခြားဘာမျှမရှိပါ။
My
مَا مَعِي وَجَهْ قَابِل بِهْ سِوَى حُسُنْ ظَنِّي
فِيكْ يَا رَبِّ فَارْحَمْنِي وَلَا تَمْتَحِنِّي
ကိုယ်တော်အပေါ်ထားရှိသော ကောင်းမြတ်သည့် ယုံကြည်ကိုးစားမှုမှတစ်ပါး ကျွန်ုပ်၌ အခြားမျက်နှာမရှိပါ
အိုအရှင်၊ ကျွန်ုပ်အား ကရုဏာပြုတော်မူပါ၊ ကျွန်ုပ်အား ပြင်းထန်စွာစမ်းသပ်ခြင်း မပြုတော်မူပါနှင့်
تُبْتْ يَا رَبِّ فَاقْبَلْ تَوْبَتِي وَاعْفُ عَنِّي
وَامْحُ ذَنْبِي وَسَامِحْ كُلَّ تَقْصِيرْ مِنِّي
အိုအရှင်၊ ကျွန်ုပ်နောင်တရပါပြီ၊ ကျွန်ုပ်၏နောင်တကို လက်ခံ၍ ခွင့်လွှတ်တော်မူပါ
ကျွန်ုပ်၏အပြစ်များကို ပယ်ဖျက်ပေးပါ၊ ပျက်ကွက်မှုအားလုံးကိုလည်း သည်းခံတော်မူပါ
خِفِتْ مِنْ عَاقِبَةْ أَمْرِي فَجُدْ لِي بِأَمْنِي
مَحِضْ فَضْلٍ وَإِحْسَانٍ وَجُودٍ وَمَنِّ
ကျွန်ုပ်ပြုခဲ့သော အမှုကိစ္စတို့၏ အကျိုးဆက်ကို ကြောက်ရွံ့မိပါသည်၊ ကျွန်ုပ်အား ဘေးကင်းမှု ပေးသနားတော်မူပါ
စင်ကြယ်လှသော ကျေးဇူးတော်၊ ကရုဏာတော်နှင့် ရက်ရောသော ပေးကမ်းမှုတို့ဖြင့်သာ ဖြစ်ပါစေ
آه مِنْ عَثْرَتِي يَا رَبِّ مِنْهَا أَقِلْنِي
زَادْ ذَنْبِي وَمِنْ كُثْرِ الْخَطَا حَارْ ذِهْنِي
အိုအရှင်၊ ကျွန်ုပ်၏ ချော်လဲမှားယွင်းမှုများအတွက် ညည်းတွားမိပါသည်၊ ထိုအမှားများမှ ကျွန်ုပ်ကို ကယ်တင်တော်မူပါ
အပြစ်များ တိုးပွားလာကာ အမှားများပြားလွန်းသဖြင့် ကျွန်ုပ်၏ စိတ်အာရုံတို့ ဝေဝါးနေရပါပြီ
أَدْرِكْ أَدْرِكْ بِتَعْجِيلِ الْفَرَجْ وَانْتَقِدْنِي
وَاعْطِنِي عِلِمْ مِنْكَ يَا إِلَهِي لَدُنِّي
လျင်မြန်သော သက်သာရာရမှုဖြင့် ကျွန်ုပ်အား ကူညီကယ်တင်တော်မူပါ
အိုအရှင်၊ ကိုယ်တော်ထံတော်မှ ထူးမြတ်သော ဉာဏ်ပညာကို ကျွန်ုပ်အား ပေးသနားတော်မူပါ
يَنْجَلِي بِهْ عَنِ الْقَلْبِ الْصَّدِى كُلَّ رَيْنِ
ياَ سَمِيعَ الْدُّعَاءْ سَلْكَ اسْتَجِبْ وَاسْتَمِعْنِي
ထိုဉာဏ်ပညာဖြင့် နှလုံးသားရှိ သံချေးတက်မှုနှင့် အညစ်အကြေးများ ကင်းစင်သွားပါစေ
ဆုတောင်းသံကို ကြားသိတော်မူသောအရှင်၊ ကျွန်ုပ်၏ တောင်းလျှောက်မှုကို နားညောင်း၍ လက်ခံတော်မူပါ
مَا لِي إِلَّا أَنْتَ مُعْطِي
مَا لِي إِلَّا أَنْتَ مُغْنِي
ပေးကမ်းစွန့်ကြဲသူအဖြစ် ကိုယ်တော်မှတစ်ပါး ကျွန်ုပ်၌ အခြားသူမရှိပါ
ကြွယ်ဝချမ်းသာစေသူအဖြစ် ကိုယ်တော်မှတစ်ပါး ကျွန်ုပ်၌ အခြားသူမရှိပါ