صَفَتِ النَّظْرَهْ
အမြင် ကြည်လင်ခဲ့သည်
My
My
صَفَتِ النَّظْرَهْ طَابَتِ الْحَضْرَةْ
جَاءَتِ الْبُشْرَى لِأَهْل اللهِ
အမြင်အာရုံ ကြည်လင်၍ စုဝေးမှုမှာ သာယာလှပ၏
အလ္လာဟ်အရှင်မြတ်၏ လူသားများထံ ဝမ်းမြောက်ဖွယ်သတင်း ရောက်ရှိလာလေပြီ
قَامُوْا سُكَارَى لِذِي الْبِشَارَه
جَعْلَوْا عِمَارَهْ شُكْراً لِلّهِ
သတင်းကောင်းကြောင့် သူတို့သည် မူးယဉ်သူများကဲ့သို့ ထကြွကြ၏
အလ္လာဟ်အရှင်အား ကျေးဇူးဆပ်သောအားဖြင့် ဝတ်ပြုမှုတို့ဖြင့် ထိုနေရာကို ပြည့်နှက်စေ၏
أَيُّهَا الْحَاضِرْ اُذْكُرْ وَذَاكِرْ
إِيَّاكَ تُنْكِرْ حَالَ أَهْلِ اللهِ
အို... ရောက်ရှိနေသူ၊ သတိရလော့၊ နှိုးဆော်လော့
အလ္လာဟ်အရှင်မြတ်၏ လူသားတို့၏ အခြေအနေကို ငြင်းပယ်ခြင်းမှ သတိပြုပါ
فَسَلِّمْ لَهُمْ فِيمَا عَرَاهُمْ
وَاعْلَمْ أَنَّهُمْ غَابُوْا فِي اللهِ
သူတို့အပေါ် သက်ရောက်လာသမျှ၌ သူတို့ထံ နာခံလိုက်လျောပါ
သူတို့သည် အလ္လာဟ်အရှင်မြတ်၌ ပျော်ဝင်ပျောက်ကွယ်သွားကြောင်း သိမှတ်ပါ
فَالْوَجْدُ بِهِمْ دَاعِيْ يَدْعِيْهِمْ
يَطْرَأْ عَلَيْهِمْ فِيْ ذِكْرِ اللهِ
ကြည်နူးမှု(ဝဂျဒ်)သည် သူတို့ကို ခေါ်ဖိတ်သော ခေါ်သံဖြစ်သည်
အလ္လာဟ်အရှင်မြတ်ကို အောက်မေ့သတိရခြင်း၌ သူတို့ကို လွှမ်းမိုးလာစေ၏
وَمَنْ لَمْ يَجِدْ فَلْيَتَوَاجَدْ
قَصْداً يَتَعَرَّضْ لِفَضْلِ اللهِ
ကြည်နူးမှုကို မတွေ့ရှိသူသည် ယင်းကို ရှာဖွေဖိတ်ခေါ်ပါစေ
အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို ရည်ရွယ်ချက်ရှိရှိ ခံယူစေခြင်းငှာဖြစ်သည်
هَكَذَا قَالُوْا وَلِذَا مَالَوْا
وَلَقَدْ غَالُوْا فِي ذِكْرِ اللهِ
ဤသို့ပင် သူတို့ ပြောဆို၍ ဤသို့ပင် ယိမ်းနွဲ့ခဲ့ကြ၏
အလ္လာဟ်အရှင်မြတ်အား အောက်မေ့ခြင်း၌ အတိုင်းအထက်အလွန် နစ်မျောခဲ့ကြ၏
حَتَّى قَدْ ظَنَّا مَنْ لَيْسَ مِنَّا
أَنَّا جُنِنَّا بِذِكْرِاللهِ
ကျွန်ုပ်တို့အသိုင်းအဝိုင်းမှ မဟုတ်သူတို့က ထင်မှတ်ကြသည်အထိဖြစ်သည်
အလ္လာဟ်အရှင်မြတ်အား အောက်မေ့ခြင်းကြောင့် ကျွန်ုပ်တို့ ရူးသွပ်သွားပြီဟု
هَنِيْئاً لَنَا ثُمَّ بُشْرَانَا
إِنْ كَانَ لَنَا حُمْقٌ فِي اللهِ
ကျွန်ုပ်တို့အတွက် မင်္ဂလာရှိလှ၏၊ ဝမ်းမြောက်ဖွယ် ဖြစ်၏
အကယ်၍ ကျွန်ုပ်တို့၏ "ရူးသွပ်မှု" သည် အလ္လာဟ်အရှင်မြတ်၌သာ ဖြစ်ပါလျှင်