سَكَنَ الْفُؤَادَ فَعِشْ هَنِيئاً يَا جَسَدْ
နှလုံးသားဝယ် ကိန်းဝပ်လေပြီ၊ အို-ခန္ဓာ... ချမ်းမြေ့စွာ ရှင်သန်လော့။
My
مَدَدْ مَدَدْ مَدَدْ مَدَدْ
مَدَدْ يَا رَسُولَ الله
ကူညီမစတော်မူပါ၊ ကူညီမစတော်မူပါ၊ ကူညီမစတော်မူပါ၊ ကူညီမစတော်မူပါ
အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်မြတ်၊ ကျွန်ုပ်တို့အား ကူညီမစတော်မူပါ။
سَكَنَ الْفُؤَادَ فَعِشْ هَنِيئاً يَا جَسَدْ
هَذَا النَّعِيمُ هُوَ الْمُقِيمُ إِلَى الْأَبَدْ
ချစ်မြတ်နိုးရသူသည် နှလုံးသားအတွင်း ကိန်းဝပ်တော်မူပြီ၊ သို့ဖြစ်ရာ အို-ခန္ဓာကိုယ်၊ သုခချမ်းသာဖြင့် နေထိုင်လော့
ဤသည်ကား ထာဝရအစဉ်အမြဲ တည်ရှိနေမည့် သုခချမ်းသာပေတည်း။
أَصْبَحْتُ فِي كَنَفِ الْحَبِيبِ وَمَنْ يَكُنْ
جَارَ الْحَبِيبِ فَعَيْشُهُ الْعَيْشُ الرَّغَدْ
သင်သည် ချစ်မြတ်နိုးရသူ၏ အရိပ်အာဝါသအောက်သို့ ရောက်ရှိခဲ့ပြီ၊ မည်သူမဆို
ချစ်မြတ်နိုးရသူ၏ အနီးနားတွင် နေထိုင်ရပါက ထိုသူ၏ဘဝသည် သာယာဝပြောသော ဘဝပင်ဖြစ်၏။
عِشْ فِي أَمَانِ اللَّهِ تَحْتَ لِوَائِهِ
لَا خَوْفَ فِي هَذَا الْجَنَابِ وَلَا نَكَدْ
အလ္လာဟ်အရှင်မြတ်၏ အကာအကွယ်တွင် ကိုယ်တော်၏အလံတော်အောက်၌ စိတ်အေးချမ်းစွာ နေထိုင်လော့
ဤအရှင်မြတ်၏ အနီးအပါးတွင် ကြောက်ရွံ့ခြင်းနှင့် ပူဆွေးခြင်းဟူသည် မရှိပေ။
لَوْ أَبْصَرَ الشَّيْطَانُ طَلْعَةَ نُورِهِ
فِي وَجْهِ آدَمَ كَانَ أَوَّلَ مَنْ سَجَدْ
အကယ်၍ ရှိုင်တွာန်သည် ကိုယ်တော်၏ အလင်းရောင်ခြည်ကို
အာဒမ်တမန်တော်၏ မျက်နှာတော်ပေါ်တွင် မြင်တွေ့ခဲ့ရပါမူ၊ သူသည် ပထမဆုံး ပျပ်ဝပ်ဦးချသူ ဖြစ်ပေလိမ့်မည်။
لَكِنَّ جَمَالَ اللَّهِ جَلَّ فَلَا يُرَى
إِلَّا بِتَخْصِيصٍ مِنَ اللَّهِ الصَّمَدْ
သို့ရာတွင် အလ္လာဟ်အရှင်မြတ်၏ အလှတရားသည် မြင်တွေ့နိုင်စွမ်းထက် ကျော်လွန်မြင့်မြတ်လှပေသည်
ကိုးကွယ်ရာအစစ်အမှန် အလ္လာဟ်အရှင်မြတ်ထံမှ ထူးကဲသော ကျေးဇူးတော်ဖြင့်သာ မြင်တွေ့နိုင်ပေသည်။