أَلْفٍ صَلَّى الله عَلَى زَيْنِ الْوُجُودْ
လောကဓာတ်၏ အလှကျက်သရေအပေါ်သို့ အလ္လာဟ်အရှင်မြတ်၏ ကောင်းချီးမင်္ဂလာ အကြိမ်တစ်ထောင် သက်ရောက်ပါစေ။
My
أَلْفٍ صَلَّى الله عَلَى زَيْنِ الْوُجُودْ
مَنْ سَكَنْ طَيْبَة وَخَيَّمْ في زَرُودْ
လောက၏အလှတရားအပေါ် အလ္လာဟ်အရှင်မြတ်၏ ကောင်းချီးမင်္ဂလာ အဖြာဖြာ ကျရောက်ပါစေ၊
တိုင်ဘာတွင် နေထိုင်၍ ဇာရူးဒ်တွင် စခန်းချခဲ့သော အရှင်သူမြတ်အပေါ်၌တည်း။
يَا بُدُورَ الْحَيِّ يَا رَبْعَ الْكِرَامْ
بَلِّغُو ظَبْيَ الْحِمَى مِنِّي السَّلَامْ
အို... ရပ်ကွက်၏ လမင်းများ၊ အို... မြင့်မြတ်သူတို့၏ စံအိမ်တော်၊
အလေးအမြတ်ပြုရာ နယ်မြေမှ သမင်ပျိုထံသို့ ကျွန်ုပ်၏ စလာမ်နှုတ်ခွန်းဆက်သမှုကို ပို့ဆောင်ပေးကြပါလော့။
إِنْ تَهَتَكْنَا عَلَيْكُمْ لَا نُلَامْ
غَلَبَ الْوَجْدُ عَلَيْنَا وَ الْغَرَامْ
အသင်တို့အပေါ်ထားသည့် အချစ်ဇောကြောင့် ကျွန်ုပ်တို့၏ဂုဏ်သိက္ခာ ထိခိုက်ရပါစေ အပြစ်မတင်ထိုက်ပါ၊
ပြင်းပြသော တမ်းတခြင်းနှင့် ချစ်ခြင်းမေတ္တာတို့က ကျွန်ုပ်တို့ကို လုံးဝလွှမ်းမိုးထားသောကြောင့် ဖြစ်သည်။
لَا يَنَامُ اللَّيْلَ عَاشِقْ مُسْتَهَامْ
إِنَّمَا النَّومُ عَلَى الْعَاشِقْ حَرَامْ
ပြင်းပြစွာ ချစ်မြတ်နိုးသူသည် ညအခါ၌ အိပ်စက်ခြင်းမရှိပါ၊
အမှန်စင်စစ် အချစ်ဇော လောင်မြိုက်နေသူအတွက် အိပ်စက်ခြင်းသည် တားမြစ်ထားသကဲ့သို့ပင် ဖြစ်သည်။
سَادَتِي إِنْ لَمْ تَحِنُّو بِاللِّقَا
مِتُّ وَجْدًا فَلَكُمْ طُولُ الْبَقَاء
ကျွန်ုပ်၏ အရှင်သခင်တို့... အကယ်၍ ဆုံတွေ့ခွင့်ပေးခြင်းဖြင့် ကရုဏာမသက်ပါမူ၊
ကျွန်ုပ်သည် တမ်းတခြင်းဖြင့် သေဆုံးသွားရပါလိမ့်မည်၊ သို့သော် အသင်တို့မူကား ထာဝရ တည်တံ့ပါစေသတည်း။
أَنَا إِنْ لَمْ أَهْوَا غِزْلَانَ النَّقَاء
أَيُّ فَرْقٍ بَيْنَ قَلْبِي وَ الْجَمَادْ
အကယ်၍ ကျွန်ုပ်သည် အန်-နကာ အရပ်မှ သမင်ပျိုတို့အား မချစ်မြတ်နိုးခဲ့ပါလျှင်၊
ကျွန်ုပ်၏ နှလုံးသားနှင့် အသက်မဲ့သော ကျောက်တုံးကြားတွင် အဘယ်ထူးခြားမှု ရှိပါတော့မည်နည်း။
آنَسَ اللهُ بِكُمْ أَوْقَاتَنَا
وَسَقَى وَادِيكُمُ فَيْضَ الْغَمَامْ
အလ္လာဟ်အရှင်မြတ်သည် အသင်တို့အားဖြင့် ကျွန်ုပ်တို့၏ အချိန်များကို ကြည်နူးဖွယ်ဖြစ်စေတော်မူပါစေ၊
ထို့ပြင် ရွာသွန်းသော မိုးတိမ်တို့သည် အသင်တို့၏ ချိုင့်ဝှမ်းမြေကို ရေလောင်းဖျန်းပေးပါစေသတည်း။