حَبِيبَنَا الْمُصْطَفَى
ကျွန်ုပ်တို့၏ ချစ်မြတ်နိုးရသော ရွေးချယ်တော်မူခြင်းခံရသူ
My
حَبِيبَنَا الْمُصْطَفَى صَلُّوا عَلَى نَبِيِّنَا
وَجْهُهُ مِثْلُ قَمَرٍا وَسِرَاجًا مُنِيرا
ကျွန်ုပ်တို့၏ ချစ်မြတ်နိုးအပ်သော ရွေးချယ်ခံရသူ၊ ကျွန်ုပ်တို့၏ တမန်တော်အပေါ် ကောင်းချီးမင်္ဂလာများ ပို့သကြလော့
ကိုယ်တော်၏ မျက်နှာတော်သည် လဝန်းပမာနှင့် တောက်ပသော ဆီမီးအိမ်ကဲ့သို့ ဖြစ်ပေသည်
يَا مَنْ بُعِثْتَ لَنَا فِي الْوُجُودِ سَبِيلًا
يَا شِفَاءَ رُوحِي يَا مُحَمَّدُ وَقَلْبِي الْعَلِيلَ
အို-လောကခရီးဝယ် ကျွန်ုပ်တို့အတွက် လမ်းပြအဖြစ် စေလွှတ်ခြင်းခံရသူ
အို-မုဟမ္မဒ်၊ ကျွန်ုပ်၏ ဝိညာဉ်နှင့် နာကျင်နေသော နှလုံးသားအတွက် ကုစားမှုပင်ဖြစ်ပါသည်
فَاضَ الْقَلْبُ شَوْقًا وَحُبًّا لَكَ يَا رَسُولًا
يَا رَحْمَةً مِنْ عِنْدِ اللهِ لِكُلِّ الْعَالَمِينَ
အို-စေတမန်တော်၊ ကျွန်ုပ်၏နှလုံးသားသည် ကိုယ်တော့််အပေါ် လွမ်းဆွတ်ခြင်းနှင့် ချစ်ခြင်းမေတ္တာများ လျှံတက်နေပါသည်
အို-ခပ်သိမ်းသော လောကသားတို့အတွက် အလ္လာဟ်အရှင်မြတ်ထံတော်မှ ကရုဏာတော်
أَحْسَنُ مِنْكَ لَمْ نَرَ فِي الْكَوْنِ مَثِيلًا
فَضَّلَكَ اللهُ عَنْ كُلِّ خَلْقِهِ أَعْظَمَ تَفْضِيلًا
လောကတစ်ခွင်ဝယ် ကိုယ်တော်ထက် သာလွန်လှပသူတစ်ဦးတစ်ယောက်မျှ ကျွန်ုပ်တို့ မမြင်ဖူးခဲ့ပါ
အလ္လာဟ်အရှင်မြတ်သည် ကိုယ်တော်အား ဖန်ဆင်းခံအားလုံးထက် အမြင့်မြတ်ဆုံး ချီးမြှောက်တော်မူခဲ့သည်
أَكْحَلَ الْعَيْنَيْنِ كُلُّ الْكَوْنِ رَآكَ انْحَنَى
مَشَيْتُ عَلَى هَدْيِ الْأَحْمَدِ وَأَنَا أُحِبُّ مُحَمَّدًا
အို-မျက်တောင်တော်များ ညိုမှောင်လှပသူ၊ ကိုယ်တော်အား ဖူးမြင်ရချိန်တွင် လောကခပ်သိမ်းတို့ ဦးညွှတ်ခဲ့ကြသည်
ကျွန်ုပ်သည် အဟ်မဒ်၏ လမ်းညွှန်မှုအတိုင်း လျှောက်လှမ်းပြီး မုဟမ္မဒ်ကို ချစ်မြတ်နိုးပါသည်
كَامِلِ الْأَوْصَافِ طه وَشَمْسٌ فِي ضُحَاهَا
سَالَتْ دُمُوعُ الْعَيْنِ اللهَ فِي مَدْحِ رَسُولِ اللهِ مُحَمَّدْ
ဂုဏ်အင်္ဂါရပ်အားလုံး၌ ပြည့်စုံတော်မူသော သွာဟာသည် နံနက်ခင်း၏ နေမင်းကဲ့သို့ပင်
အလ္လာဟ်အရှင်မြတ်၏ စေတမန်တော် မုဟမ္မဒ်အား ချီးမွမ်းထောမနာပြုရာတွင် မျက်ရည်များ စီးကျခဲ့ပါသည်