رَبِّي خَلَقْ طَه مِنْ نُورْ
ကျွန်ုပ်၏အရှင်သည် တွာဟာကို အလင်းတော်မှ ဖန်ဆင်းတော်မူခဲ့သည်။
My
رَبِّي خَلَقْ طَه مِنْ نُورْ فِيهْ اِحْتِرَامْ
نَادَاهُ أَقْبِلْ يَامُخْتَارْ أَنْتَ اْلأَمِينْ
ကျွန်ုပ်၏အရှင်သည် တာဟာ (ကိုယ်တော်မြတ်) ကို ဂုဏ်အသရေနှင့်တကွ အလင်းတော်မှ ဖန်ဆင်းတော်မူခဲ့သည်
"အို-ရွေးချယ်ခံရသူ၊ အသင်သည် သစ္စာရှိသူဖြစ်သည်၊ ရှေ့သို့တိုးဝင်ခဲ့ပါ" ဟု ကိုယ်တော်အား ခေါ်ယူတော်မူခဲ့သည်။
لَمَّاارْتَقَى الْبَيْتَ الْمَعْمُورْ صَلّى إِمَامْ
وَقَدْ دَنَا مِنْ رَبِّهِ الْبَاهِي الْجَلِيلْ
ကိုယ်တော်သည် ဘိုက်တုလ်မအ်မူးရ်သို့ တက်လှမ်းတော်မူကာ အေမာမ်အဖြစ် ဦးဆောင်ဝတ်ပြုခဲ့သည်
ဘုန်းတန်ခိုးအနန္တနှင့် တင့်တယ်တော်မူသော အရှင်သခင်၏ အပါးတော်သို့လည်း ချဉ်းကပ်တော်မူခဲ့သည်။
إِنْ رُمْتَ أَنْ تَحْظى بِالْحُورْ يَوْمَ الْزِّحَامْ
صَلِّى عَلَى بَاهِي اْلأَنْوَارْ عَيْنِ الْيَقِينْ
အကယ်၍ အသင်သည် တရားစီရင်ရာနေ့၌ သုခဘုံမှ နတ်ပျိုတော်များကို ရရှိပိုင်ဆိုင်လိုပါမူ
အလင်းတကာတို့၏ အလင်းရောင်၊ စစ်မှန်သော အမှန်တရား၏ မြင်ကွင်းဖြစ်သော ကိုယ်တော်မြတ်အပေါ် ဆွလာဝတ်တော်များ ပို့သပါ။