يَا خَلِقَا الْأَكْوَانْ بِا لْلُّطْفِ عَامِلْنِي
အို-စကြဝဠာအပေါင်းကို ဖန်ဆင်းတော်မူသောအရှင်၊ ကျွန်ုပ်အား ကြင်နာသနားမှုဖြင့် ဆက်ဆံတော်မူပါ။
My
يَا خَلِقَا الْأَكْوَانْ
بِا لْلُّطْفِ عَامِلْنِي
စကြဝဠာအပေါင်းကို ဖန်ဆင်းတော်မူသောအရှင်
ကျွန်ုပ်အား ကိုယ်တော်၏ ကြင်နာသနားမှုဖြင့် ဆက်ဆံတော်မူပါ။
مَا لِيْ عَمَلْ يُرْضِيْكْ
أَنْتَ الْغَنِيْ عَنِّي
ကိုယ်တော်နှစ်သက်စေမည့် ကောင်းမှုကုသိုလ် ကျွန်ုပ်၌မရှိပါ
ကိုယ်တော်သည် ကျွန်ုပ်ကို အမှီပြုရန်မလိုဘဲ လုံလောက်ပြည့်စုံတော်မူသောအရှင် ဖြစ်ပါသည်။
يَا وَاهِبَ الْإِحْسَانْ
تَقْوَاكَ أَلْهِمْنِي
ကောင်းကျိုးချမ်းသာများကို ပေးသနားတော်မူသောအရှင်
ကိုယ်တော်အား ကြောက်ရွံ့ရိုသေသော စိတ်ဓာတ်ကို ကျွန်ုပ်အား ပေးသနားတော်မူပါ။
قَدْ خَابَ الَّذِيْ يَعْصِيْكْ
سُبْحَانَكَ ارْحَمْنِي
ကိုယ်တော့်အား ဖီဆန်သူသည် အမှန်ပင် ပျက်စီးဆုံးရှုံးရလေပြီ
သန့်ရှင်းစင်ကြယ်တော်မူသောအရှင်၊ ကျွန်ုပ်အား သနားကရုဏာ ထားတော်မူပါ။
يَا خَلِقَا الْأَكْوَانْ
بِا لْلُّطْفِ عَامِلْنِي
စကြဝဠာအပေါင်းကို ဖန်ဆင်းတော်မူသောအရှင်
ကျွန်ုပ်အား ကိုယ်တော်၏ ကြင်နာသနားမှုဖြင့် ဆက်ဆံတော်မူပါ။
مَا لِيْ عَمَلْ يُرْضِيْكْ
أَنْتَ الْغَنِيْ عَنِّي
ကိုယ်တော်နှစ်သက်စေမည့် ကောင်းမှုကုသိုလ် ကျွန်ုပ်၌မရှိပါ
ကိုယ်တော်သည် ကျွန်ုပ်ကို အမှီပြုရန်မလိုဘဲ လုံလောက်ပြည့်စုံတော်မူသောအရှင် ဖြစ်ပါသည်။
بِمَنْ حَوَى الأَنْوَارْ
وَالْفَضْلَ وَالأَسْرَارْ
ရောင်ခြည်တော်အပေါင်းကို စုစည်းထားသူအားဖြင့်
ထူးကဲဂုဏ်အင်များနှင့် လျှို့ဝှက်ချက်များအားဖြင့်လည်းကောင်း
أَحْمَدْ ضِيَا الأَبْصَارْ
مَنْ مَدْحُهُ فَنِِّي
မျက်စိများ၏ အလင်းရောင်ဖြစ်သော အဟ်မဒ်သခင်
ထိုသခင်အား ချီးမွမ်းကျူးဧခြင်းသည် ကျွန်ုပ်၏ အတတ်ပညာပင် ဖြစ်ပါသည်။
يَا خَلِقَا الْأَكْوَانْ
بِا لْلُّطْفِ عَامِلْنِي
စကြဝဠာအပေါင်းကို ဖန်ဆင်းတော်မူသောအရှင်
ကျွန်ုပ်အား ကိုယ်တော်၏ ကြင်နာသနားမှုဖြင့် ဆက်ဆံတော်မူပါ။
مَا لِيْ عَمَلْ يُرْضِيْكْ
أَنْتَ الْغَنِيْ عَنِّي
ကိုယ်တော်နှစ်သက်စေမည့် ကောင်းမှုကုသိုလ် ကျွန်ုပ်၌မရှိပါ
ကိုယ်တော်သည် ကျွန်ုပ်ကို အမှီပြုရန်မလိုဘဲ လုံလောက်ပြည့်စုံတော်မူသောအရှင် ဖြစ်ပါသည်။
يَا رَبُّ يَا رَحْمَنُ
صَلِّ يَا ذَا المَنِّ
အို... ဖန်ဆင်းရှင်၊ အို... အလွန်သနားတော်မူသောအရှင်
ကျေးဇူးတော်ရှင်အရှင်မြတ်၊ ကောင်းချီးမင်္ဂလာများကို ချပေးသနားတော်မူပါ
عَالْرُّوحِ فِي الأَبْدَانْ
وَالْنُّورِ فِي العَيْنِ
ခန္ဓာကိုယ်များအတွင်းရှိ ဝိညာဉ်တော်အပေါ်၌လည်းကောင်း
မျက်စိများအတွင်းရှိ အလင်းရောင်အပေါ်၌လည်းကောင်း
يَا خَلِقَا الْأَكْوَانْ
بِا لْلُّطْفِ عَامِلْنِي
စကြဝဠာအပေါင်းကို ဖန်ဆင်းတော်မူသောအရှင်
ကျွန်ုပ်အား ကိုယ်တော်၏ ကြင်နာသနားမှုဖြင့် ဆက်ဆံတော်မူပါ။
مَا لِيْ عَمَلْ يُرْضِيْكْ
أَنْتَ الْغَنِيْ عَنِّي
ကိုယ်တော်နှစ်သက်စေမည့် ကောင်းမှုကုသိုလ် ကျွန်ုပ်၌မရှိပါ
ကိုယ်တော်သည် ကျွန်ုပ်ကို အမှီပြုရန်မလိုဘဲ လုံလောက်ပြည့်စုံတော်မူသောအရှင် ဖြစ်ပါသည်။
مَا شَعْشَعَتْ أَنْوَارْ
مِنْ رَوْضَةِ الْمُخْتَارْ
ရွေးချယ်ခံရသူမြတ်၏ ဥယျာဉ်တော်မှ
ရောင်ခြည်တော်များ လင်းလက်တောက်ပနေသရွေ့
وَغَرَّدَتْ أَطْيَارْ
تَشْدُو عَلَى الغُصْنِ
ငှက်ငယ်အပေါင်းတို့သည်
သစ်ကိုင်းထက်၌ တေးဆိုကျူးရင့်နေသရွေ့