لَمْ يَخْلُقِ الرَّحْمَنُ مِثْلَ مُحَمَّدٍ
အလွန်သနားတော်မူသောအရှင်သည် မုဟမ္မဒ်နှင့်အလားတူသူကို ဖန်ဆင်းတော်မမူခဲ့ပေ။
My
My
لَمْ يَخْلُقِ الرَّحْمَنُ مِثْلَ مُحَمَّدٍ
بَيْنَ الْوَرَى بَشَراً عَلَى الْإِطْلَاقِ
ရဟ်မတ်အရှင်မြတ်သည် မုဟမ္မဒ်သခင်နှင့်တူသူကို ဖန်ဆင်းတော်မမူခဲ့ပါ
လောကဝေနေယျအပေါင်းတို့တွင် မည်သည့်လူသားမျှ အလားတူမရှိပေ
كَلَّا وَلَا عَرَفَ الْخَلَائِقُ قَدْرَهُ
مَا فَوْقَهُ حَقّاً سِوَى الْخَلَّاقِ
အမှန်စင်စစ် ဖန်ဆင်းခံတို့သည် ကိုယ်တော်၏ဂုဏ်အဆင့်အတန်းကို အပြည့်အဝမသိနိုင်ကြ
ကိုယ်တော့်အထက်ဝယ် ဖန်ဆင်းရှင်အရှင်မြတ်မှတစ်ပါး အမှန်တကယ် အခြားမရှိပြီ
مَاذَا أَقُولُ بِوَصْفِهِ وَمَدِيحِهِ
وَسَنَاهُ دَوْماً بَاهِرُ الْإِشْرَاقِ
ကိုယ်တော်ကို ဖော်ပြချီးမွမ်းရာ၌ အကျွန်ုပ်သည် အဘယ်သို့ဆိုနိုင်ပါအံ့နည်း
ကိုယ်တော်၏ ရောင်ဝါတော်သည် အစဉ်အမြဲ ထွန်းလင်းတောက်ပလျက်ရှိ၏
وَهُوَ الَّذِي لِلْخَلْقِ أُرْسِلَ رَحْمَةً
وَأَتَى يُتَمِّمُ مَكَارِمَ الْأَخْلَاقِ
ကိုယ်တော်သည် သတ္တဝါအပေါင်းတို့ထံ ကရုဏာတော်အဖြစ် စေလွှတ်ခြင်းခံရသူဖြစ်သည်
မြင့်မြတ်လှသော ကိုယ်ကျင့်တရားတို့ကို ပြည့်စုံစေရန် ကိုယ်တော်ကြွရောက်လာခဲ့သည်