رَبِّي لَهُ الْأَسْمَاءُ الْحُسْنَى
ကျွန်ုပ်၏အရှင်သခင်၌ အလွန်တရာလှပတင့်တယ်သော အမည်နာမတော်များ ရှိတော်မူ၏။
My
رَبِّي لَهُ الْأَسْمَاءُ الْحُسْنَى
تُسَبِّحْ لَهُ الْأكْوَانْ
ကျွန်ုပ်၏အရှင်သည် အလွန်တင့်တယ်လှပသော အမည်နာမတော်များကို ပိုင်ဆိုင်တော်မူ၏
လောကခပ်သိမ်းတို့သည် ကိုယ်တော်အား သန့်ရှင်းစင်ကြယ်ကြောင်း ချီးမွမ်းထောမနာပြုကြကုန်၏
إِلَيْهِ يَرْجِعُ كُلُّ أَمْرٍ
كُلُّ زَمَانٍ وَكُلَّ مَكَانْ
ကိစ္စအဝဝတို့သည် ကိုယ်တော့်ထံသို့သာ ပြန်လည်ရောက်ရှိကြကုန်၏
အချိန်ကာလတိုင်းနှင့် နေရာဒေသတိုင်းတွင် ဖြစ်ပေသည်
إِذَا دَعَوْتْ فَادْعُ الْإِلَهْ
وَإِنِ اسْتَجَرْتَ فَلُذْ بِاللَّهْ
သင်သည် ဆုတောင်းပတ္ထနာပြုလိုလျှင် တစ်ဆူတည်းသောအရှင်မြတ်ကိုသာ တောင်းဆိုလော့
အကယ်၍ ခိုလှုံရာကို ရှာလိုလျှင် အလ္လာဟ်အရှင်မြတ်ထံ၌သာ ခိုလှုံလော့
مَا لَنَا مَوْلًى سِوَاهْ
عَفُوٌّ كَرِيمٌ وَرَحْمَانْ
ကျွန်ုပ်တို့အတွက် ကိုယ်တော်မှတစ်ပါး အခြားအကာအကွယ်ပေးမည့် အရှင်သခင်မရှိပါ
ကိုယ်တော်သည် အပြစ်များကို ခွင့်လွှတ်တော်မူသောအရှင်၊ ရက်ရောသောအရှင်နှင့် သနားကြင်နာတော်မူသောအရှင် ဖြစ်တော်မူ၏
رَبِّي لَهُ الْأَسْمَاءُ الْحُسْنَى
تُسَبِّحْ لَهُ الْأكْوَانْ
ကျွန်ုပ်၏အရှင်သည် အလွန်တင့်တယ်လှပသော အမည်နာမတော်များကို ပိုင်ဆိုင်တော်မူ၏
လောကခပ်သိမ်းတို့သည် ကိုယ်တော်အား သန့်ရှင်းစင်ကြယ်ကြောင်း ချီးမွမ်းထောမနာပြုကြကုန်၏
إِلَيْهِ يَرْجِعُ كُلُّ أَمْرٍ
كُلُّ زَمَانٍ وَكُلَّ مَكَانْ
ကိစ္စအဝဝတို့သည် ကိုယ်တော့်ထံသို့သာ ပြန်လည်ရောက်ရှိကြကုန်၏
အချိန်ကာလတိုင်းနှင့် နေရာဒေသတိုင်းတွင် ဖြစ်ပေသည်
اتَّقِ اللَّهْ وَلَهُ اِصْبِرْ
فَالْصَّبْرُ فِي الْعُقْبَى حَمِيدْ
အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ရိုသေပြီး ကိုယ်တော့်အတွက် သည်းခံလော့
အကြောင်းမှာ သည်းခံခြင်း၏ အဆုံးသတ်ရလဒ်သည် ချီးမွမ်းထိုက်သောကြောင့် ဖြစ်ပေသည်
وَتَزَوَّدْ عِلْمًا وَبَيَانًا
مِنَ الْسُّنَّةِ وَالْقُرْآنْ
အသိပညာနှင့် ရှင်းလင်းပြတ်သားသော သိမြင်မှုတို့ကို ရိက္ခာအဖြစ် ဆည်းပူးလော့
ဆွန္နသ်လမ်းစဉ်နှင့် ကုရ်အာန်ကျမ်းမြတ်တို့မှ (ရရှိသော အရာများဖြစ်သည်)