أَنَا مَالِي فِيَّاشْ
ကျွန်ုပ်နှင့် အဘယ်သို့ သက်ဆိုင်သနည်း။
My
اللَّهُمَّ صَلِّ عَلَى الْمُصْطَفَى
حَبِيبِنَا مُحَمَّد عَلَيْهِ السَّلَام
အို-အလ္လာဟ်အရှင်မြတ်၊ ရွေးချယ်ခံရသူအပေါ် ကောင်းချီးမေတ္တာ ပို့သတော်မူပါ
ကျွန်ုပ်တို့၏ ချစ်လှစွာသော မုဟမ္မဒ်သခင်အပေါ် ငြိမ်းချမ်းခြင်း သက်ရောက်ပါစေ။
أَنَا مَالِي فِيَّاشْ آشْ عَلَيَّا مِنِّي
نَقْلَقْ مِنْ رِزْقِي لَاشْ وَالْخَالِقْ يَرْزُقْنِي
ကျွန်ုပ်၌ အဘယ်အစွမ်းအစ ရှိသနည်း၊ ကျွန်ုပ်သည် မိမိအတွက် အဘယ်အရာ တတ်နိုင်ပါသနည်း
ဖန်ဆင်းရှင်က ကျွေးမွေးတော်မူနေပါလျက် ကျွန်ုပ်၏ ရိက္ခာအတွက် အဘယ်ကြောင့် ပူပန်ရပါမည်နည်း။
أَنَا عَبْدُ رَبٍّ لَهُ قُدْرَةٌ
يَهُونُ بِهَا كُلُّ أَمْرٍ عَسِير
ကျွန်ုပ်သည် တန်ခိုးစွမ်းအားတော်နှင့် ပြည့်စုံတော်မူသော အရှင်မြတ်၏ ကျွန်တစ်ဦးဖြစ်ပါသည်
အရှင်မြတ်သည် ခက်ခဲသော အမှုကိစ္စမှန်သမျှကို လွယ်ကူစေတော်မူ၏။
فَإِنْ كُنْتُ عَبْدًا ضَعِيفَ الْقُوَّةِ
فَرَبِّي عَلَى كُلِّ شَيْءٍ قَدِير
ကျွန်ုပ်သည် အားအင်ချည့်နဲ့သော ကျွန်တစ်ဦးဖြစ်နေသော်လည်း အဘယ်သို့နည်း
ကျွန်ုပ်၏အရှင်သည် အရာခပ်သိမ်းအပေါ် တတ်စွမ်းနိုင်တော်မူသောအရှင် ဖြစ်ပါပေသည်။
مِنِّي آشْ عَلَيَّ وَنَا عَبْدٌ مَمْلُوكْ
وَالْأَشْيَاءْ مَقْضِيَّا مَا فِي التَّحْقِيقْ شُكُوكْ
ကျွန်ုပ်သည် ကျွန်တစ်ဦးသာဖြစ်ရာ မိမိအတွက် အဘယ်သို့ စီရင်နိုင်ပါမည်နည်း
အရာရာသည် ကံကြမ္မာအတိုင်း ပြဌာန်းပြီးသားဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။
الْمَدَد الْمَدَد أَيَا رَسُولَ الله
وَاسْقِينَا بِالْمَدَد أَيَا حَبِيبَ الله
အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်ုပ်တို့အား ကူညီမစတော်မူပါ
အို-အလ္လာဟ်အရှင်မြတ်၏ ချစ်မြတ်နိုးရသူ၊ ကျွန်ုပ်တို့အား ကူညီစောင့်ရှောက်မှုဖြင့် လန်းဆန်းစေတော်မူပါ။
رَبِّي نَاظِرْ فِيَّا وَنَا نَظَرِي مَتْرُوكْ
فِي الْأَرْحَامْ وَالْأَحْشَا مِنْ نُطْفَةٍ صَوَّرْنِي
ကျွန်ုပ်၏အရှင်သည် ကျွန်ုပ်ကို ကြည့်ရှုနေပါသည်၊ ကျွန်ုပ်၏အမြင်မှာ အရာမရောက်ပါ
သားအိမ်နှင့် ဝမ်းဗိုက်အဆင့်ဆင့်အတွင်း သုက်တစ်စက်မှ ကျွန်ုပ်ကို ပုံဖော်ခဲ့သောအရှင် ဖြစ်ပါ၏။
يَقُولُ لِمَا شَاءَ كُنْ فَيَكُونُ وَيُبْدِعُ سُبْحَانَهُ وَيُعِيد
وَيَحْكُمُ فِي خَلْقِهِ مَا يَشَاءُ وَيَفْعَلُ فِي مُلْكِهِ مَا يُرِيد
အရှင်သည် အလိုရှိရာကို "ဖြစ်စေ" ဟု မိန့်ပါက ဖြစ်လာရ၏၊ အရာရာကို အစပြုသူနှင့် ပြန်လည်ရုပ်သိမ်းသူအဖြစ် အရှင်မြတ်အား ချီးမွမ်းပါ၏
အရှင်သည် မိမိဖန်ဆင်းရာများအပေါ် အလိုရှိသလို စီရင်ကာ မိမိနိုင်ငံတော်အတွင်း အလိုရှိသမျှကို ပြုတော်မူ၏။