بُورِكْتِ يَا أُمَّ الْحَسَنَيْن
အို ဟစန်နှင့် ဟူစိန်တို့၏ မိခင်၊ အသင်သည် မင်္ဂလာရှိပါပေ၏။
My
بُورِكْتِ يَا أُمَّ الْحَسَنَيْن
يَا فَاطِمَةْ الْزَّهْرَاءْ
ဟာဆန်နှင့် ဟူစိန်တို့၏ မိခင်ဖြစ်သူ အသင်မသည် မင်္ဂလာရှိပါစေ
အို ဖာတီမဟ် အလ်-ဇဟ်ရာ
يَا آمِنَةْ يَا أُمَّ الزَّيْنْ
يَا حَامِلَةْ الْبُشْرَى
အို သစ္စာရှိသူ၊ အို လှပသူ၏ မိခင်
အို သတင်းကောင်းကို ဆောင်ကြဉ်းလာသူ
وَالسِّتِّ زَيْنَبْ نُورِ الْعَيْنْ
وَخَدِيجَةَ الْكُبْرَى
မျက်စိ၏ အလင်းရောင်ဖြစ်သော သခင်မ ဇိုင်နဗ်နှင့်
ကြီးမြတ်လှသော သခင်မ ခါဒီဂျာ
صَلُّوا عَلَى عَبْدِ اللهْ
مَنْ قَدْ أَتَى بِكِتَابِ اللهْ
အလ္လာဟ်အရှင်မြတ်၏ ကျွန်တော်မျိုးအပေါ် ကောင်းချီးမင်္ဂလာများ ပို့သကြပါ
အလ္လာဟ်အရှင်မြတ်၏ ကျမ်းစာတော်နှင့်အတူ ရောက်ရှိလာသူဖြစ်သည်
وَمَنْ بِهِ قَدْ أَسْرَى اللهْ
سُبْحَانَ مَنْ أَسْرَى
အလ္လာဟ်အရှင်မြတ်က ညပိုင်းခရီးစဉ်ကို ခေါ်ဆောင်သွားတော်မူသောသူ
ညပိုင်းခရီးစဉ်သို့ ခေါ်ဆောင်တော်မူသော အရှင်မြတ်သည် သန့်ရှင်းစင်ကြယ်တော်မူပါသည်
صَلُّوا عَلَى صَحْبِ الْمُخْتَارْ
رَسُولِنَا الْأَعْظَمْ
ရွေးချယ်ခံရသောသူ၏ နောက်လိုက်ဆွဟာဗာများအပေါ် ကောင်းချီးမင်္ဂလာများ ပို့သကြပါ
ကျွန်ုပ်တို့၏ အကြီးမြတ်ဆုံးသော ရစူလ်တမန်တော်မြတ်
حَيُّوا عَليٍ خَيْرَ الْأَبْرَارْ
إِمَامَنَا الْأَكْرَمْ
သူတော်စင်များထဲတွင် အကောင်းမြတ်ဆုံးဖြစ်သော သခင်အလီအား နှုတ်ခွန်းဆက်ကြပါ
ကျွန်ုပ်တို့၏ အမြင့်မြတ်ဆုံးသော အေမာမ်
وَعَلَى الْحُسَيْنْ نُورِ الْأَنْوَارْ
يَا سَعْدَ مَنْ سَلَّمْ
အလင်းတကာတို့၏ အလင်းရောင်ဖြစ်သော သခင်ဟူစိန်အပေါ်၌လည်းကောင်း
ကိုယ်တော့်အား ငြိမ်းချမ်းစေကြောင်း နှုတ်ဆက်သူသည် အဘယ်မျှ မင်္ဂလာရှိပါသနည်း
يَا أَهْلَ بَيْتِ الْمُصْطَفَى
عَلَيْكُمْ اَلْسَّلَامْ
အို ရွေးချယ်ခံရသူ၏ အိမ်ထောင်စုဝင် အနွယ်တော်များ
အသင်တို့အပေါ် ငြိမ်းချမ်းသာယာမှုများ ကျရောက်ပါစေ
أَهْلَ الْأَمَانَةْ وَالْوَفَا
وَالْخَيْرِ وَالْإِكْرَامْ
သစ္စာတရားနှင့် တည်ကြည်မှုရှိကြသူများ
ကောင်းမြတ်ခြင်းနှင့် ရက်ရောမှုတို့၏ ပိုင်ရှင်များဖြစ်ကြသည်