حُبُّ الْحُسَيْنْ
ဟူစိန်အား ချစ်ခြင်း
My
My
حُبُّ الْحُسَيْنْ وَسِيلَةُ الْسُّعَدَاءِ
وَضِيَاؤُهُ قَدْ عَمَّ فِي الْأَرْجَاءِ
ဟူစိုင်းန်ကို ချစ်မြတ်နိုးခြင်းသည် ထာဝရသုခသို့ ရောက်ရှိကြောင်း လမ်းစဖြစ်သည်
သူ၏ ရောင်ဝါတော်သည် အရပ်မျက်နှာ အနှံ့အပြားသို့ လွှမ်းခြုံပျံ့နှံ့သွားလေပြီ
سِبْطٌ تَفَرَّعَ مِنْهُ نَسْلُ الْمُصْطَفَى
وَأَضَاءَ مِصْرْ بِوَجْهِهِ الْوَضَّاءِ
ရွေးချယ်ခံရသူ၏ မျိုးဆက်တော်ကို ပွင့်လန်းစေသော မြေးတော်ဖြစ်သည်
တောက်ပသော မျက်နှာတော်ဖြင့် အီဂျစ်ပြည်ကို လင်းထိန်စေခဲ့လေသည်
فَهُوَ الْكَرِيمْ اِبْنُ الْكَرِيمْ
وَجَدُّهُ خَيْرُ الْأَنَامْ وَسَيِّدُ الْشُّفَعَاءِ
သူသည် မွန်မြတ်သူမှ ဆင်းသက်လာသော မွန်မြတ်လှသူဖြစ်သည်
သူ၏အဖိုးတော်သည် သတ္တဝါအပေါင်းတို့တွင် အမြတ်ဆုံးနှင့် ကြားဝင်အသနားခံပေးသူတို့၏ အရှင်သခင်ဖြစ်သည်