قِفْ وَاسْتَمِعْنِي يَا نَدِيمْ
ရပ်၍ နားဆင်ပါလော့၊ အို... အဖော်မွန်။
My
قِفْ وَاسْتَمِعْنِي يَا نَدِيمْ
قَوْلًا بِمَعْنَاهُ أَهِيمْ
အို အဆွေခင်ပွန်း၊ ခေတ္တရပ်၍ ကျွန်ုပ်အား နားဆင်ပါလော့
၎င်း၏အနက်တွင် ကျွန်ုပ်စွဲလန်းမိသော စကားတစ်ခွန်းရှိပေ၏
حَمَلَتْ بِأَحْمَدَ أُمُّهُ
وَالْسَّعْدُ كَانَ لَهَا خَدِيمْ
မယ်တော်သည် အဟ်မဒ်သခင်အား ပဋိသန္ဓေဆောင်ခဲ့လေပြီ
မင်္ဂလာတရားသည်လည်း သူမ၏ အစေအပါးသဖွယ် ဖြစ်ခဲ့ရ၏
حَمَلَتْ بِأَزْكَى الْأَنْبِيَاءْ
نَسَبًا وَهَنَّاهَا الْكَرِيمْ
မြင့်မြတ်သောမျိုးရိုးရှိသည့် အသန့်စင်ဆုံး နဗီတမန်တော်အား သူမလွယ်ထားခဲ့၏
အနန္တကရုဏာရှင် အရှင်မြတ်ကလည်း သူမအား ဝမ်းမြောက်စကား ဆိုခဲ့၏
نَالَتْ بِهِ كُلَّ الْمُنَى
وَالْمَجْدِ وَالْعِزِّ الْمُقِيمْ
ကိုယ်တော်မြတ်ကြောင့် သူမသည် လိုအင်မှန်သမျှ ပြည့်စုံခဲ့၏
ထို့ပြင် ဘုန်းကျက်သရေနှင့် တည်မြဲသော ဂုဏ်ဒြပ်ကိုလည်း ရရှိခဲ့၏
يَا فَوْزَهَا بِالْمُصْطَفَى
حَازَتْ بِهِ الْشَّرَفَ الْعَظِيمْ
မွတ်စ်သွဖွာသခင်ကြောင့် သူမ ရရှိသော အောင်မြင်မှုသည် ကြီးမားလှပေစွ
ကိုယ်တော်မြတ်အားဖြင့် သူမသည် မြင့်မြတ်သော ဂုဏ်သရေကို ပိုင်ဆိုင်ခဲ့ရ၏
بُشْرَاكِ آمِنَةَ الْرِّضَى
بِمُحَمَّدٍ عَيْنِ الْنَّعِيمْ
အို အာမိနဟ်သခင်မ၊ သင့်အတွက် ဝမ်းမြောက်ဖွယ် သတင်းစကားပါတည်း
သုခချမ်းသာတို့၏ အရင်းအမြစ်ဖြစ်သော မုဟမ္မဒ်သခင်ကြောင့်ပင် ဖြစ်၏