ْيَاجَمَالُه
Oh, How Beautiful He Is!
My
آه يَا جَمَالُه يَا جَمَالُهْ
سِيدْنَا النَّبِى يَا جَمَالُهْ
အို... ကိုယ်တော်၏ အလှတရား၊ အို... ကိုယ်တော်၏ အလှတရား
ကျွန်ုပ်တို့၏ အရှင်သခင် နဗီတမန်တော်၊ အို... ကိုယ်တော်၏ အလှတရား
سِيدْنَا النَّبِى يَا جَمَالُهْ
ကျွန်ုပ်တို့၏ အရှင်သခင် နဗီတမန်တော်၊ အို... ကိုယ်တော်၏ အလှတရား
كَحِيلُ الطَّرْفِ حَبِيبِي لَوْ تَرَاهُ
ضَحُوكُ السِّنِّ لِلْعَاشِقِ رَمَاهُ
မျက်တောင်ကော့ညွှတ် မျက်ဝန်းပိုင်ရှင် ငါ့ချစ်သူကို သင်မြင်ဖူးပါက
ပြုံးရွှင်သော မျက်နှာတော်ဖြင့် ချစ်သူတို့အား ဖမ်းစားခဲ့လေပြီ
بَهِيُّ الطَّلْعَةْ فَالْمَوْلَى اصْطَفَاهُ
وَكُلُّ الْخَلْقِ أَنَارَ بِنُورِ طه
ခန့်ညားလှပသော ရုပ်လွှာကြောင့် အရှင်မြတ်က ရွေးချယ်တော်မူခဲ့သည်
သတ္တလောက တစ်ခုလုံးသည် တွာဟာ၏ နူရ်အလင်းဖြင့် လင်းပခဲ့လေသည်
وَلَا ظِلُّ لَهُ بَلْ كَانَ نُوْرَا
تَنَالَ الشَّمْسُ مِنْهُ هُوَ الْبُدُوْرَ
ကိုယ်တော်၌ အရိပ်မရှိခဲ့ပါ၊ အမှန်စင်စစ် ကိုယ်တော်သည် အလင်းတော်သာဖြစ်သည်
နေမင်းသည်ပင် လမင်းကဲ့သို့သော ကိုယ်တော့်ထံမှ အလင်းကို ရယူရ၏
وَلَمْ يَكُنِ الْهُدَى لَوْلَاهُ ظُهُوْرَا
وَ كُلُّ الْكَوْنِ أَنَارَ بِنُوْرِ طَــــــهَ
ကိုယ်တော်သာ မရှိခဲ့လျှင် တရားဓမ္မသည်လည်း ပေါ်ထွန်းလာမည်မဟုတ်
စကြဝဠာ တစ်ခုလုံးသည် တွာဟာ၏ နူရ်အလင်းဖြင့် လင်းပခဲ့လေသည်
وَكَفُّ الْمُصْطَفَى كَالْوَرْدِ نَادِى
وَعِطْرُهَا يَبْقَى إِذَا مَسَّتْ أَيَادِى
မွတ်စ်သဖာ၏ လက်ဖဝါးတော်သည် နှင်းဆီပွင့်ကဲ့သို့ လန်းဆန်းလှသည်
လက်ချင်းထိတွေ့လိုက်သည်နှင့် ထိုရနံ့သည် စွဲကျန်ရစ်ခဲ့တော့သည်
وَعَمَّ نَوَالُهَا كُلَّ الْعِبَادِ
حَبِيبُ اللهِ يَا خَيْرَ الْبَرَايَا
ကိုယ်တော်၏ ကရုဏာတော်သည် ကျွန်ခပ်သိမ်းတို့အပေါ် လွှမ်းခြုံခဲ့လေပြီ
အလ္လာဟ်အရှင်မြတ်၏ ချစ်မြတ်နိုးရသူ၊ အို... အကောင်းမြတ်ဆုံးသော သတ္တဝါ
وَرِيقُ الْمُصْطَفَى يَشْفِي الْعَلِيلَ
وَعَيْنُ قَتَادَةَ خُذْهَا دَلِيلًا
မွတ်စ်သဖာ၏ တံတွေးတော်သည် နာမကျန်းသူကို ပျောက်ကင်းစေသည်
ကေသာဒဟ်၏ မျက်လုံးတော်ကို သက်သေသာဓကအဖြစ် ရှုစားပါ
تَفَلَ فِي الْبِئْرِ أَضْحَتْ سَلْسَبِيلًا
وَصَارَ لِصَحْبِهِ شَهْدًا مُدَامًا
ရေတွင်းထဲသို့ ထွေးလိုက်သောအခါ ဆလ်စဘီလ် ရေစင် ဖြစ်သွားလေသည်
ကိုယ်တော့် နောက်ပါများအတွက် ပျားရည်ကဲ့သို့ ချိုမြိန်သော အဖျော်ဖြစ်ခဲ့သည်