صَلَّى عَلَيْكَ اللَّهُ يَا عَدْنَانِ
အို-အဒ်နာန်၊ သင့်အပေါ်၌ အလ္လာဟ်အရှင်မြတ် ကောင်းချီးမင်္ဂလာ သွန်းလောင်းတော်မူပါစေ။
My
صَلَّى عَلَيْكَ اللَّهُ يَا عَدْنَانِ
يَا مُصْطَفَى يَا صَفْوَةَ الْرَّحْمَٰنِ
အို အဒ်နာန်နွယ်ဖွား၊ အလ္လာဟ်အရှင်သည် အသင်အပေါ် ကောင်းချီးမေတ္တာ သွန်းလောင်းတော်မူပါစေ
အို မွတ်စ်သွဖွာ၊ အို အလွန်တရာ ဂရုဏာတော်ရှင်၏ ရွေးချယ်ခံမြတ်နိုးရာ။
الْحَمْدُ لِلَّهِ الَّذِي أَعْطَانِي
هَذَا الْغُلَامَ الْطَّيِّبَ الْأَرْدَانِ
ကျွန်ုပ်အား ဤသို့သော စင်ကြယ်သန့်ရှင်းသည့် သားငယ်ကို ပေးသနားတော်မူသော
အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းခြင်းအပေါင်း ထိုက်စုံပေ၏။
قَدْ سَادَ فِي الْمَهْدِ عَلَى الْغِلْمَانِ
أُعِيذُهُ بِالْبَيْتِ ذِي الْأَرْكَانِ
သူသည် ပုခက်အတွင်း၌ပင် သူငယ်အပေါင်းတို့ထက် သာလွန်ထူးကဲခဲ့ပါသည်
မဏ္ဍိုင်ကြီးများရှိသော (ကအ်ဗဟ်) ကျောင်းတော်ဖြင့် သူ့အား အကာအကွယ်ပေးပါရန် တောင်းခံပါ၏။
حَتَّى أَرَاهُ بَالِغَ الْبُنْيَانِ
أَنْتَ الَّذِي سُمِّيتَ فِي الْقُرْآنِ
သူသည် အရွယ်ရောက်ကာ ကြံ့ခိုင်ထည်ဝါလာသည်ကို မြင်တွေ့ရသည်အထိတိုင်
အသင်သည် ကုရ်အာန်ကျမ်းမြတ်၌ နာမတော်ဖော်ပြခြင်း ခံရသူပင် ဖြစ်ပေသည်။
أَحْمَدُ مَكْتُوبٌ عَلَى الْجِنَانِ
صَلَّى عَلَيْكَ اللَّهُ فِي الْأَحْيَانْ
အဟ်မဒ်ဟူသော နာမတော်သည် သုခဘုံများတွင် ရေးထွင်းပြီးသား ဖြစ်ပေသည်
အလ္လာဟ်အရှင်မြတ်သည် အသင်အပေါ် အချိန်တိုင်း၌ ကောင်းချီးမေတ္တာ သွန်းလောင်းတော်မူပါစေ။
أَحْمَدُهُ فِي الْسِّرِّ وَالْإِعَلْأَنِ
حَقًّا عَلَى الْإِسْلَامِ وَالْإِيمَانِ
ကျွန်ုပ်သည် ထိုအရှင်မြတ်အား တိတ်တဆိတ်ရော ထင်ထင်ရှားရှားပါ ချီးမွမ်းထောမနာပြုပါ၏
အစ္စလာမ်နှင့် အီမာန်တရားတော်များအပေါ် အမှန်စင်စစ် တည်ကြည်လျက်။
يَا رَبَّنَا بِالْمُصْطَفَى الْعَدْنَانِ
اغْفِرْ ذُنُوبِي ثُمَّ أَصْلِحْ شَأْنِي
အို ကျွန်ုပ်တို့၏အရှင်၊ အဒ်နာန်နွယ်ဖွား မွတ်စ်သွဖွာသခင်၏ အရှိန်အဝါဖြင့်
ကျွန်ုပ်၏ အပြစ်များကို ခွင့်လွှတ်တော်မူပါ၊ ထို့နောက် ကျွန်ုပ်၏ အခြေအနေအရပ်ရပ်ကို ပြုပြင်ပေးတော်မူပါ။