عَلَيْكَ صَلَّى اللهْ يَا خَيْرَ خَلْقِ اللهْ
အို-အလာဟ်အရှင်မြတ်၏ ဖန်ဆင်းခံများတွင် အမွန်မြတ်ဆုံးဖြစ်တော်မူသော အရှင်၊ အသင့်အပေါ်သို့ အလာဟ်အရှင်မြတ်၏ ကောင်းချီးမင်္ဂလာများ သက်ရောက်ပါစေ။
My
My
عَلَيْكَ صَلَّى اللهْ يَا خَيْرَ خَلْقِ اللهْ
وَالْآلِ وَالْأَصْحَابْ وَالْقَوْمِ أَهْلِ اللهْ
يَا كَعْبَةَ الْأَسْرَارْ وَمَنْبَعِ الْأَنْوَارْ
بِالْعَزْمِ يَا مُخْتَارْ أَيَّدْتَ دِينَ اللهْ
အို-လျှို့ဝှက်ချက်တို့၏ ကာအ်ဗဟ်ကျောင်းတော်၊ အို-အလင်းတန်းတို့၏ မြစ်ဖျားခံရာ
အို-ရွေးချယ်တော်မူခြင်းခံရသူ၊ သင်သည် ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် အလ္လာဟ်အရှင်မြတ်၏ သာသနာတော်ကို ထောက်ကူခဲ့ပြီ
فِدَاؤُكَ الْأَرْوَاحْ وَمِثْلُهَا الْأَشْبَاحْ
يَا خِيِرَةَ الْفَتَّاحْ مِنْ أَنْبِيَاءِ اللهْ
ဝိညာဉ်များသည် သင့်အတွက် စတေးခံရန် အသင့်ရှိပါသည်၊ ရုပ်ခန္ဓာများသည်လည်း ထိုနည်းတူပင်ဖြစ်သည်
အို-ဖွင့်လှစ်ပေးတော်မူသောအရှင်၏ ပရောဖက်များထဲမှ ရွေးချယ်ခံရသူအရှင်
يَا مَنْ لَهُ الْبُرْهَانْ وَخُلْقُهُ الْقُرْآنْ
مَا كَانَتِ الْأَكْوَانْ وَحَقِّهِ لَوْلَاهْ
အို-ထင်ရှားသော သက်သေအထောက်အထားကို ပိုင်ဆိုင်သူ၊ ကုရ်အာန်ကျမ်းတော်မြတ်သည်ပင် သူ၏ကိုယ်ကျင့်တရားဖြစ်သည်
အရှင်မြတ်ကို တိုင်တည်ပါ၏၊ အကယ်၍ သူသာမရှိခဲ့လျှင် စကြဝဠာအပေါင်း တည်ရှိလာမည်မဟုတ်ပါ
لِوَاؤُكَ الْمَرْفُوعْ وَقَوْلُكَ الْمَسْمُوعْ
وَحُبُّكَ الْمَطْبُوعْ فِي مُهْجَةِ الْأَوَّاهْ
သင့်အလံတော်သည် မြင့်မားစွာ လွှင့်ထူထားပြီး သင့်စကားသံသည်လည်း ပျံ့နှံ့ကြားသိရ၏
သင့်အား ချစ်မြတ်နိုးခြင်းသည် တမ်းတနေသူတိုင်း၏ နှလုံးသားထဲတွင် စွဲထင်လျက်ရှိ၏
نَدْعُوكَ بِالسِّبْطَيْنْ لِكَشْفِ هَذَا الْغَيْمْ
يَا مَلْجَأَ الْكَوْنَيْنْ بِالْخَطْبِ بَعْدَ اللهْ
ဤဆင်းရဲဒုက္ခတိမ်တိုက်များကို ဖယ်ရှားပေးရန် မြေးတော်နှစ်ပါးအား အကြောင်းပြု၍ ကျွန်ုပ်တို့ တောင်းဆိုပါသည်
အလ္လာဟ်အရှင်မြတ်ပြီးနောက် ဘေးဒုက္ခများကျရောက်ချိန်တွင် လောကနှစ်ပါးလုံး၏ ခိုလှုံရာအရှင်
هَا أَنْتَ فِي الْمَحْشَرْ مُؤَيَّدُ الْمَظْهَرْ
فَكُلَّمَا تُذْكَرْ عَلَيْكَ صَلَّى اللهْ
သင်သည် မဟ်ရှရ်ကွင်းပြင်၌ ထင်ရှားစွာ ကူညီစောင့်ရှောက်ခြင်းခံရမည်
သို့ဖြစ်ရာ သင့်အား တသသတိရတိုင်း အလ္လာဟ်အရှင်မြတ်သည် သင့်အပေါ်၌ ကောင်းချီးမင်္ဂလာများ သွန်းလောင်းတော်မူပါစေ