لِغَيْرِ جَمَالِكُمْ نَظَرِي حَرَامُ
အရှင့်အလှမှတစ်ပါး အခြားသို့ကြည့်ခြင်းသည် ကျွန်ုပ်အတွက် တားမြစ်အပ်၏။
My
لِغَيْرِ جَمَالِكُمْ نَظَرِي حَرَامُ
وَغَيْرُ كَلَامُكُمْ عِنْدِي كِلَامُ
အသင်တို့၏ အလှအပမှတစ်ပါး အခြားသို့ကြည့်ခြင်းမှာ ကျွန်ုပ်အတွက် တားမြစ်ထားသောအရာဖြစ်သည်
အသင်တို့၏ စကားတော်မှတစ်ပါး အခြားသောစကားတို့သည် ကျွန်ုပ်အတွက် အဓိပ္ပာယ်မဲ့သော စကားများသာဖြစ်၏
وَعُمْرُ الْنَّسْرِ مِنْكُمْ بَعْضُ يَوْمٍ
وَسَاعَةُ غَيْرِكُمْ عَامٌ فَعَامُ
အသင်တို့နှင့်အတူရှိရသော လင်းယုန်ငှက်၏သက်တမ်းသည် တစ်နေ့တာ၏ အစိတ်အပိုင်းမျှသာဖြစ်သည်
အသင်တို့မဟုတ်သော အခြားသူတို့နှင့် ကုန်ဆုံးရသော တစ်နာရီမှာမူ နှစ်ရှည်လများကဲ့သို့ပင်ဖြစ်၏
وَصَبْرِي عَنْكُمُ شَيْءٌ مُحَالٌ
وَمَا لِي قَاتِلٌ إِلَّا الْفِطَامُ
အသင်တို့နှင့် ကင်းကွာ၍ သည်းခံနိုင်စွမ်းဟူသည်မှာ ကျွန်ုပ်အတွက် မဖြစ်နိုင်သောအရာဖြစ်သည်
အသင်တို့နှင့် ဝေးကွာရခြင်းမှတစ်ပါး ကျွန်ုပ်ကို သတ်မည့်သူ မရှိပါ
إِذَا عَايَنْتُكُمْ زَالَتْ هُمُومِيْ
وَإِنْ غِبْتُمْ دَنَا مِنِّيْ الْحِمَامُ
အသင်တို့ကို ဖူးတွေ့ရသောအခါ ကျွန်ုပ်၏ ပူဆွေးသောကတို့သည် ကွယ်ပျောက်သွား၏
အကယ်၍ အသင်တို့ ကွယ်ပျောက်သွားပါက သေခြင်းတရားသည် ကျွန်ုပ်ထံသို့ ချဉ်းကပ်လာပေလိမ့်မည်
أَوَدُّ بِأَنْ أَكُونَ لَكُمْ جَلِيسًا
وَتُنْصَبَ لِي بِرَبْعِكُمُ خِيَامُ
ကျွန်ုပ်သည် အသင်တို့နှင့်အတူ ထိုင်နေခွင့်ရသူတစ်ဦး ဖြစ်လိုပါသည်
အသင်တို့၏ နယ်မြေအတွင်း၌ ကျွန်ုပ်အတွက် တဲနန်းများကို ဆောက်တည်ခွင့်ရလိုပါသည်
فَدَاوُوا بِالْوِصَالِ مَرِيضَ هَجْرٍ
يَهِيمُ بِكُمْ إِذَا سَجَعَ الْحَمَامُ
ခွဲခွာရခြင်းကြောင့် ဖျားနာနေသူအား ပြန်လည်ဆုံစည်းခြင်းဖြင့် ကုသပေးတော်မူပါ
ချိုးငှက်တို့ တွန်ကျူးသောအခါ အသင်တို့ကို တမ်းတလျက် သူသည် မိန်းမောတွေဝေနေတတ်သည်
حَدِيثُ غَرَامِهِ فِيكُمْ قَدِيمٌ
وَمَلْبَسُهُ مِنَ الْحُبِّ الْسِّقَامُ
အသင်တို့အပေါ် ထားရှိသော သူ၏ချစ်ခြင်းမေတ္တာပုံပြင်သည် ရှေးယခင်ကတည်းကဖြစ်သည်
သူ၏ဝတ်ရုံမှာမူ ထိုချစ်ခြင်းမေတ္တာကြောင့် ရရှိသော ဖျားနာခြင်းပင်ဖြစ်၏
فَأَنْتُمْ فِي الْأُصُولِ أَجَلُّ أَصْلٍ
إِذَا شِئْتُمْ تَحَصَّلَ لِي الْمَرَامُ
အမှန်စင်စစ် အသင်တို့သည် အရင်းအမြစ်အားလုံးတို့တွင် အမြင့်မြတ်ဆုံးသော အရင်းအမြစ်ဖြစ်သည်
အကယ်၍ အသင်တို့ အလိုရှိပါက ကျွန်ုပ်၏ ရည်မှန်းချက်ပန်းတိုင်သည် ပြည့်စုံသွားပေလိမ့်မည်
بِكُمْ صَعْبُ الْأُمُورِ يَعُودُ سَهْلًا
فَبِالْإِحْسَانِ جُودُوا يَا كِرَامُ
အသင်တို့ကြောင့် ခက်ခဲသောအရာတို့သည် လွယ်ကူသွားရပါသည်
အို... မြင့်မြတ်သူတို့၊ ကျေးဇူးတရားဖြင့် ရက်ရောစွာ ပေးသနားတော်မူကြပါ
وَلَيْسَ سِوَاكُمُ لِلْجُودِ أَهْلًا
فَكَيْفَ نَزِيلُ سُوحِكُمُ يُضَامُ
အသင်တို့မှတစ်ပါး ရက်ရောစွန့်ကြဲရန် ထိုက်တန်သူဟူ၍ မည်သူမျှမရှိပါ
သို့ဖြစ်ပါက အသင်တို့၏ ရင်ပြင်တော်သို့ ရောက်ရှိလာသူတစ်ဦးသည် မည်သို့လျှင် အနှိမ်ခံရပါမည်နည်း